Posts

အမျိုးသားများ ပြီးမြောက်ခြင်း

Image
အမျိုးသားတွေအတွက် ထင်သာမြင်သာရှိတဲ့ ရာဂစိတ်နှိုးကြွခြင်း လက္ခဏာကတော့ လိင်တံထောင်မတ်လာတာပါ ။ လိင်တံဆီသွေးစီးဆင်းမှုတိုးလာတာနဲ့အမျှ ပိုပြီးတောင့်လာပါတယ်။ အတွင်းထဲက တစ်သျူးတွေထဲမှာ သွေးတွစုလာတာနဲ့ အမျှ လိင်တံထဲကသွေးကြောကိုဖိထားသလိုဖြစ်ရာကနေ အပြင်ထိသွေးစီးဆင်းခြင်းကို ကာကွယ်နိုင်ဖို့အတွက် လိင်တံဟာ ဆက်လက်တင်းခြင်းအားဖြင့် ထောင်မတ်နေတာပဲဖြစ်ပါတယ်။ ဒီလိုတစ်ခါထောင်မတ်နေချိန်မှာဆိုရင် လိင်တံထိပ်ဖျားကနေ ကြည်လင်နေတဲ့ တံတွေးလိုမျိုးအရည်တွေဟာ အစက်အနည်းငယ်ထွက်လာလေ့ရှိပါတယ်။ ဒါကို ချောဆီ ဒါမှမဟုတ် သုတ်ရည်မတိုင်ခင်ကြိုထွက်တဲ့အရည်လို့ခေါ်ပြီး လိင်ဆက်ဆံရာမှာ ပွတ်ခြင်းတွေလျော့နည်းအောင် အထောက်အကူဖြစ်ပါတယ်။ အမျိုးသားတွေ အတွက် ပြီးမြောက်ရာမှာ အခြေခံသဘောတရား ၂ ရပ်ပဲရှိပါတယ်။ ပထမအဆင့်ကတော့ လိင်တံအောက်ခြေရဲ့ အနီးတဝိုက်မှာ သုတ်ရည်ကြည့်တွေ စီးကြလာတာဖြစ်ပါတယ်။ ဒီလိုဖြစ်နေချိန်မှာဆိုရင် အမျိုးသားတွေဟာ သူသုတ်ရည်စွန့်ထုတ်တော့မယ်ဆိုတာကို ခံစားရလေ့ရှိပါတယ်။ ဒီလိုမျိုးကို တစ်ခါတရံမှာ ပြန်မထွက်နိုင်တဲ့အခြေအနေလို့ဆိုနိုင်ပြီး ဘာကြောင့်လဲဆိုတော့ သုတ်ရည်ကြည်သာဒီနယ်ပယ်ကိုကျနေပြီ ဆိုရင်...

အမျိုးသမီးများ ပြီးမြောက်ခြင်း

Image
အမျိုးသမီးတွေမှာ ကိစ္စတော်တော်များများဟာ ဦးနှောက်ကြောင့် မျိုးပွားနယ်ပယ်တွေထံ သွေးစီးဆင်းရာကနေ အစပျိုးပြီး ရာဂစိတ်နိုးကြွခြင်းတွေလိုမျိုး ဖြစ်လာကြပါတယ်။ မိန်းမကိုယ်ကနေ သဘာဝချောဆီတွေထုတ်ခြင်းဖြင့် ကိုယ်ခန္ဓာကိုယ် အချက်ပေးခြင်းကနေ လိင်ဆက်ဆံရန်အသင့်အနေအထား ဖြစ်သွားတတ်ကြပါတယ်။ အမျိုးသမီးအင်္ဂါစေ့မှာ ဖောင်းလာပြီး တင်းလာတာမျိုးတွေဟာ သွေးစီးဆင်းလာတာကြောင့် ထိလိုက်တာနဲ့ဆတ်ဆတ်ထိမခံစိတ်လှုပ်ရှားရပြီး ပိုပြီးထင်သာမြင်သာမှုတွေဖြစ်လာတတ်ကြပါတယ်။ ဒီလိုမျိုးရာဂဆန္ဒတွေဆက်တိုက်ဖြစ်လာရာကနေ မွေးလမ်းကြောင်းအပြင်ဘက်ကြွက်သား ဟာ ပိုမိုသေးငယ်ကာ ဟလာပြီး တင်းကျပ်မှုတွေဖြစ်လာပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ပြီးဆုံးချိန်နီးလာတာနဲ့အမျှ အင်္ဂါစေ့ဟာလည်း ပိုပြီးဆတ်ဆတ်ထိမခံဖြစ်လာသလို တဖြည်းဖြည်းနဲ့လည်း ဆုတ်ယုတ်လာတာမျိုးတွေဖြစ်ကာ ပြီးမြောက်ခြင်းမျိုးသိမြင်နိုင်ဖို့ဆိုတာဟာ နည်းပါးလှပါတယ်။ တချို့လူတွေက ပြီးတယ်ဆိုတာကို အမျိုးသားတွေသာ ခံစားနိုင်တယ်လို့ ထင်ကြပေမယ့် အမျိုးသမီးတွေလည်းပဲ အတိအကျခံစားနိုင်ပါတယ်။ အမျိူးသမီးတွေအတွက် ပြီးမြောက်တယ်ဆိုတာက အမျိုးသားတွေလိုမျိုး တထေရာတည်းမကျ နိုင်ပါဘူ...

လိင်မှုအရသာသိရှိခြင်း

Image
လိင်ကကျွန်မတို့ကိုစူးစမ်းသိချင်လာအောင်စိတ်လှုပ်ရှားလာအောင်လုပ်နိုင်ပါတယ်။စိုးရိမ်ပူပန်လာအောင်၊ရှက်ကိုးရှက်ကန့်ဖြစ်လာအောင်၊အဖြေမရှိအောင်လုပ်ဆောင်ပေးပါတယ်။သင်သိတဲ့လူတိုင်းကသင်သိတာထက်ပိုပြီးဒီအကြောင်းရာတစ်ခုလုံးကိုအနည်းဆုံးသိထားသလိုမျိုးခံစားရပါတယ်။တယောက်ယောက်ကဘယ်လိုပဲသတင်းပေးပေးသူတို့မှာသင့်လိုမျိုးမေးခွန်းတွေနဲ့စိုးရိမ်မှုတွေရှိကောင်းရှိပါလိမ့်မယ်။လိင်ဆိုတဲ့စကားလုံးမှာယောကျ်ားတန်ဆာ၊မိန်းမကိုယ်နဲ့စအိုတို့ပါဝင်ပြီးအဲဒါနဲ့သက်ဆိုင်တဲ့အရာတွေပါဝင်ပါတယ်။အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ရင်သား၊နို့သီးခေါင်း၊ဝှေးစေ့လည်းပါဝင်ပါတယ်။ လိင်ဆက်ဆံခြင်းမှာ မိမိနှင့်အတူဆက်ဆံသော အဖော်က ဘယ်သူ၊ မိမိနှင့် ရင်းနှီးမှု စိတ်ဝင်စားမှု အတိုင်းအတာနှင့်လည်း အများကြီးသက်ရောက်မှုရှိတာမို့ တစ်ေယောက်တစ်မျိုးစီ ကွဲပြားကြတာဖြစ်ပါတယ်။ လိင်ဆိုတာဘေးကင်းစိတ်ချရပြီးခံစားမှုကောင်းမွန်ပြီးအားလုံးတညီတည်းသဘောတူသင့်ပါတယ်။လိင်နဲ့ဆိုင်တဲ့အပျက်သဘောမျိုးဆောင်တဲ့အပိုင်းတွေလည်းရှိပါတယ်။ဥပမာအားဖြင့်လိင်ကိုရုန့်ရင်းကြမ်းတမ်းတဲ့အခြေအနေမျိုးမှာဘယ်လိုအသုံးပြုရလဲဆိုတာတွေပါဝင်ပါတယ်။ လိင်အကြောင်းအားလုံးသိရအောင်ဒီအ...

ပိုကောင်းတဲ့ ကာမဆက်ဆံရေး

Image
သာယာပျော်ရွှင်ကျေနပ်မှုလို့ဆိုရာမှာ သာမန်လိင်ဆက်ဆံခြင်းမျိုးအတွက်ချည်းမဟုတ်ဘဲ ကျန်းမာရေးအရရော နှစ်ကိုယ်တူဆက်ဆံခြင်းတွေအတွက်ပါ ကောင်းပါတယ်။ ရာဂဆန္ဒတွေနိုးကြွလာချိန်မှာ ကာမအတွက်သာယာပျော်ရွှင်မှုတွေ ခံစားနိုင်ပါတယ်။ ရာဂဆန္ဒဆိုင်ရာလှုံ့ဆော်မှုတွေ အတွက် ကျွန်တော်တို့ ခန္ဓာကိုယ်ကနေတုံ့ ပြန်ခြင်းတွေဟာ ရာဂဆန္ဒနိုးကြွလာတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြားရတဲ့ ၊ မြင်ရတဲ့ ၊ ရှုရှိုက်လိုက်တဲ့ ၊ အရသာခံလိုက်တဲ့ ဒါမှမဟုတ် ထိတွေ့လိုက်တာတွေကြောင့် ဆန္ဒတွေကြွလာတာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ လိင်မှုဘဝအတွက် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချရာမှာ အထောက်အကူဖြစ်ဖို့ သာယာမှုတွေကို လေ့လာသင့်ပါတယ်။ ပြီးပြည့်စုံတဲ့ လိင်မှုဘဝကို ပေါင်းထည့်လိုက်ခြင်းက စိတ်အနှောက်အယှက်ဖြစ်မှုတွေနဲ့ စိတ်ဓါတ်ကျမှုတွေလျော့ကျနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ထိမ်းမြားခြင်းနဲ့အတူ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုတွေလည်း ရရှိလာမှာဖြစ်ပါတယ်။ ဘယ်အရာတွေက သာယာမှု ပေးနိုင်လဲ ကာမဆန္ဒဆိုင်ရာ သာယာပျော်ရွှင်ခြင်းတွေကို ပုံစံအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။ ဥပမာ တစ်ကိုယ်ရည်စိတ်အာသာဖြေခြင်းတွေ ၊ ထိတွေ့ခြင်း ၊ နမ်းရှုတ်ခြင်...

တကိုယ်ရည် အာသာဖြေခြင်း

Image
အပေါ်မှာပြောခဲ့သလိုပဲ သာယာမှုရဖို့ပုံစံအမျိုးမျိုးရှိတယ်လို့ဆိုပေမယ့် တချို့လူတွေအတွက်ကတောပ သူတို့ရဲ့ ကာမဆန္ဒသာယာမှုကို ပထမဆုံးရခဲ့ကြတာကတော့ တစ်ကိုယ်ရည်စိတ်အာသာဖြေခြင်းကပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်အစိတ်အပိုင်းကို တို့ထိခြင်းဖြစ်ပြီး အဲ့မှာ မျိုးပွားအင်္ဂါလည်းပါဝင်ပါတယ်။ အမျိုးသားရော အမျိုးသမီးအတွက်ပါ တစ်ကိုယ်ရည်စိတ်အာသာဖြေတာဟာ ကျန်းမာစေသလို ကျွန်တော်တို့ရဲ့ လိင်မှုဘဝနဲ့ပတ်သက်လို့ လေ့လာရာမှာလည်း အထောက်အကူဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး အသိအမှတ်ပြုရာမှာလည်း အထောက်အကူဖြစ်ပါတယ်။ သင့်ရဲ့လိင်ဆက်ဆံဖော်နဲ့အတူ ကာမဆန္ဒအခွင့်အလမ်းတွေ တိုးပွားဖို့ အတွက်လေ့လာရာလည်းရောက်သလို ခံစားချက်ကောင်းတွေလည်း ဖြစ်စေပါတယ်။ တစ်ကိုယ်ရည်စိတ်အာသာဖြေခြင်းက ကျွန်တော်တို့ရဲ့ ကာမဆန္ဒပြီးမြောက်နိုင်စွမ်းတွေတိုးပွားလာစေခြင်း ၊ စိတ်ဖိစီးမှုတွေလျော့နည်းခြင်း ၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုမြင့်တက်ခြင်း ၊ ကိုယ်ခန္ဓာရဲ့ပုံရိပ်နဲ့ လိင်ဆက်ဆံခြင်းဆိုင်ရာကျေနပ်ခြင်းတွေ တိုးတက်လာနိုင်ပါတယ်။ လူတွေအနေနဲ့ သူတို့ကိုယ်ခန္ဓာမှာပဲ တစ်ကိုယ်ရည်စိတ်အာသာဖြေတာ...

ကာမနှိုးကြွစေတဲ့ အစိတ်အပိုင်း

Image
ကျွန်တော်တို့ ခန္ဓာကိုယ်တွေမှာ တချို့နေရာတွေဟာ ထိလိုက်တာနဲ့ ကာမစိတ်တွေကို နိုးကြွလာစေတဲ့ အစိတ်အပိုင်းတွေ ရှိပါတယ်။ ဥပမာ ကျွန်တော်တို့ရဲ့ လိင်ဆက်ဆံတဲ့ အင်္ဂါတွေဆိုရင် ထိလိုက်တာနဲ့ အရမ်းကို နိုးကြွလာစေပြီး အထူးသဖြင့် မအင်္ဂါအစေ့တို့ အမျိုးသားလိင်တံ တို့ပါ။ တခြားကျွန်တော်တို့ရဲ့ အရေပြားနေရာတွေလည်း ကာမစိတ်နိုးကြွလာစေနိုင်ပါတယ်။ တခြားကာမစိတ်ကိုနှိုးကြွစေတဲ့ နေရာတွေဆိုရင် ကျွန်တော်တို့ရဲ့ လက်မောင်း ၊ ကျော တင်ပါးတွေ ၊ နားတွေ ၊ ခြေဖဝါးလေးတွေ ၊ ခြေချောင်းလေးတွေ ၊ ခြေထောက်တွေ ၊ လည်ပင်းတွေ ၊ နို့သီးခေါင်းလေးတွေ နဲ့ မိန်းမကိုယ်လမ်းကြောင်း တို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်နေရာကိုထိရင်ကြိုက်တယ် ၊ မကြိုက်ဘူးဆို အသီးသီးရှိကြပြီးသားပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကာမစိတ်နှိုးကြွစေတဲ့နေရာတွေဟာလည်း အသီးသီးအတည်တကျရှိနေကြပြီးသား ဖြစ်ပါတယ်။

အမျိုးသား သန္ဓေမြုံခြင်း

Image
အချို့အိမ်ထောင်သည်စုံတွဲတွေမှာကိုယ်ဝန်ဆောင်ဖို့အခက်အခဲတွေကြုံတွေ့တတ်ကြပါတယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားတာတစ်နှစ်မအောင်မြင်ရင် မြုံတယ်လို့ယူဆပါတယ်။ စုံတွဲ (၁ဝ) တွဲမှာ ကလေးမရတာမျိုးကြုံရတာ တစ်တွဲထက်ပိုနိုင်ပါတယ်။ သားမြုံတာက အမျိုးသမီးတစ်ယောက်တည်းရဲ့ပြဿနာလို့ ထင်ကြတယ်။အမျိုးသားတွေမှာလည်းမျိုးပွားခြင်းပြဿနာတွေရှိပါတယ်။စုံတွဲတစ်တွဲမှာကိုယ်ဝန်ဆောင်ဖို့အခက်အခဲရှိတဲ့အခါပြဿနာကအမျိုးသားမြုံတာဖြစ်နိုင်သလိုအမျိုးသမီးမြုံတာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အိမ်ထောင်သည်စုံတွဲတွေမှာကလေးမရတာတွေရှိလာတဲ့အခါအမျိုးသား၊အမျိုးသမီးနှစ်ယောက်စလုံး ကိုယ်ဝန်မရခြင်းရဲ့ ပြဿနာကို စစ်ဆေးမှုခံယူရပါတယ်။ ပထမဆုံးအမျိုးသမီးတစ်ယောက်အတွက်ကိုယ်ဝန်ဆောင်ဖို့တစ်နှစ်လောက်အချိန်ယူရတယ်ဆိုတာသိဖို့အရေးကြီးပါတယ်။ဒါကပုံမှန်ပါပဲ။ဆရာဝန်အများစုကသားမြုံခြင်းစစ်ဆေးမှုမခံယူခင်တစ်နှစ်လောက်စောင့်ကြည့်ဖို့အကြုံပြုထားပါတယ်။သင်နဲ့သင့်အဖော်ကိုယ်ဝန်ရဖို့တစ်နှစ်ကျော်လောက်ကြိုးစားနေရင်ဆရာဝန်နဲ့သွားရောက်တွေ့ဆုံပါ။ အချို့ကျန်းမာရေးပြဿနာတွေက အမျိုးသားရဲ့စွမ်းဆောင်ရည်ကြောင့် အမျိုးသမီးကိုယ်ဝန်ရနိုင်ခြေ လျော့နည်းတတ်ပါတယ်။သင့်မှာ ယခ...