ပန်းသေပန်းညှိုးခြင်း
ပန်းသေပန်းညှိုးခြင်းဆိုတာ
လိင်ဆက်ဆံဖို့အတွက် လိင်တံထောင်မတ်လာစေဖို့နဲ့ ထောင်မတ်ထားနိုင်ဖို့
မစွမ်းဆောင်နိုင်ခြင်း - ပန်းသေပန်းညှိုးခြင်း (သို့မဟုတ်)
လိင်ပိုင်းဆိုင်ရာလှုံဆော်မှု - ရာဂနှိုးဆွမှုများကြောင့် မဟုတ်ဘဲ
လိင်တံနာကျင်နေခြင်းတွေ ပါဝင်ပါတယ်။
ဖြစ်ပွားရခြင်းအကြောင်းအရင်းများ
ပန်းသေပန်းညှိုးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်ခုခုကြောင့် ဖြစ်ပွားတတ်ပါတယ်။ ယေဘူယျအကြောင်းအရင်းအများစုကတော့ -
• နှလုံးရောဂါ
• ကိုလက်စထရောမြင့်မားခြင်း
• သွေးတိုးခြင်း
• ဆီးချိုရောဂါ
• အရက်စွဲခြင်းနှင့် အရာဝတ္ထုပိုင်းညှင်းပန်းနှိပ်စက်မှုဆိုင်ရာ အခြားသောပုံစံများ
• အဝလွန်ခြင်း
• ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာရောဂါ - သွေးတိုးခြင်း၊ အင်ဆူလင်ပမာဏများ မြင့်မားခြင်း၊ ခါးတစ်ဝိုက်ရှိခန္ဓာကိုယ်အဆီနှင့် ကိုလက်စထရောများပြားခြင်းတို့ပါဝင်သည့် အခြေအနေ။
• အချို့သောဆရာဝန်ညွှန်ကြားသည့်ဆေးဝါးများ
• ဆေးရွက်ကြီးသုံးစွဲခြင်း
လူသိနည်းတဲ့ဖြစ်ပွားရခြင်းအကြောင်းအရင်းတွေကတော့ ပါကင်ဆန်ရောဂါ၊ အိပ်စက်မှုကစဉ့်ကလျားဖြစ်ခြင်း (ဒါမှမဟုတ်) တင်ပါးဆုံရိုးနေရာ (ဒါမှမဟုတ်) ကျောရိုးမကြီးကိုထိခိုက်စေနိုင်တဲ့ ထိခိုက်ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။
ဦးနှောက်ဟာလည်း လိင်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားခံစားမှုကနေအစပြုပြီး လိင်တံထောင်မတ်ခြင်းဖြစ်ပွားလာစေတဲ့ ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်ကို အစပျိုးပေးရာမှာ အဓိကနေရာမှ ပါဝင်ပါတယ်။ လိင်ပိုင်းဆိုင်ရာခံစားချက်တွေကို နှောင့်ယှက်နိုင်ပြီး ပန်းသေပန်းညှိုးဖြစ်ပွားစေခြင်း (ဒါမှမဟုတ်) ပိုမိုဆိုးရွားလာစေခြင်းတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများကတော့ -
• စိတ်ဓာတ်ကျဆင်းခြင်း၊ စိုးရိမ်ကြောင့်ကြပူပန်ခြင်း (သို့) အခြားစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများ
• စိတ်ဖိစီးမှုများခြင်း
• စိတ်ဖိစီးမှုကြောင့် အဆင်မပြေတဲ့ဆက်ဆံရေး (သို့) အခြားသောပူပန်သောကများကြောင့် ဖြစ်ပွားလာသော ဆက်ဆံရေးပြဿနာများ
လက္ခဏာရပ်များ
ပန်းသေပန်းညှိုးခြင်းလက္ခဏာရပ်တွေမှာ အောက်ဖော်ပြပါအချက်တွေ ပါဝင်တတ်ပါတယ်။
• လိင်တံထောင်မတ်ရာတွင် အခက်အခဲရှိခြင်း
• ထောင်မတ်ထားနိုင်ရန် မတတ်နိုင်ခြင်း
• လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒလျော့ကျခြင်း
ကုသမှု
လိင်တံထောင်မတ်ခြင်းဆိုင်ရာပြဿနာရပ်တွေရှိနေပါက မိသားစုဆရာဝန်နဲ့ စတင်တွေ့ဆုံတာကောင်းပါတယ်။ အောက်ဖော်ပြပါအချက်တွေဖြစ်ပွားနေရင် ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံပါ။
• ထောင်မတ်ခြင်းဆိုင်ရာစိုးရိမ်ပူပန်မှုတွေရှိလာပါက (ဒါမှမဟုတ်) စောတဲ့ (ဒါမှမဟုတ်) ကြန့်ကြာတဲ့သုတ်လွှတ်ခြင်းလိုမျိုး သုတ်လွှတ်ခြင်းဆိုင်ရာယိုယွင်းမှုအပါအဝင် တခြားလိင်ပိုင်းဆိုင်ရာပြဿနာနှင့်
• အဝလွန်ခြင်း၊ နှလုံးရောဂါ (သို့) ပန်းသေပန်းညှိုးခြင်းနဲ့ဆက်စပ်တဲ့ လူသိများတဲ့တခြားကျန်းမာရေးအခြေအနေရှိလာပါက သွားရောက်ပြသသင့်ပါတယ်။
ဖြစ်ပွားရတဲ့အကြောင်းအရင်း၊ ပန်းသေပန်းညှိုးခြင်း ခံစားရတဲ့ ပမာဏပြင်းထန်ခြင်းနဲ့ တခြားတိမ်မြုပ်နေတဲ့ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး ကုသမှုနည်းလမ်းမျိုးစုံရှိပါတယ်။
စံကုသမှုတွေမှာ အောက်ဖော်ပြပါအခြေအနေတွေလိုမျိုး လူနေမှုဘဝပုံစံ/ သဘာဝဆန်ဆန်အပြောင်းအလဲတွေ ပါဝင်ပါတယ်။
• ကိုယ်လက်လှုပ်ရှားလုပ်ဆောင်ခြင်း
• ကိုယ်အလေးချိန်လျှော့ချခြင်း
• ဆေးလိပ်ဖြတ်ခြင်း
• အရက်သောက်သည့်ပမာဏအား ချုပ်ထိန်းခြင်း
ကျားတန်ဆာဆီသို့ သွေးစီးဆင်းမှုမြင့်တက်လာစေဖို့အတွက် ဆရာဝန်မှ အချို့သောဆေးဝါးတွေကို ညွှန်ကြားနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ လေဖြတ်ခြင်း (ဒါမှမဟုတ်) ဆီးချိုရောဂါ (ဒါမှမဟုတ်) သွေးပေါင်ချိန်ကျဆင်းတာတွေဖြစ်ဖူးတဲ့အမျိုးသားတွေဟာ ဒီဆေးဝါးတွေကို မသုံးစွဲသင့်ပါဘူး။
ဆေးဝါးမှီဝဲစရာမလိုသောရွေးချယ်မှုများ
ဆေးဝါးမှီဝဲဖို့မလိုအပ်တဲ့ကုသမှုတွေကတော့
• ကျားတန်ဆာဆိုင်ရာလေဟာနယ်အားတွန်းထုတ်ခြင်း
• ကျားတန်ဆာအတွင်းသို့ထည့်သွင်းသည့်ပစ္စည်း
• သွေးကြောခွဲစိပ်မှု
တချို့အမျိုးသားတွေအတွက် ဒီနည်းလမ်းတွေအားလုံးကအကူအညီဖြစ်ပေမယ့် သဘာဝဆန်ဆန်ပြောင်းလဲမှုတွေကတော့ ထိရောက်မှုရှိပြီး အန္တရာယ်နည်းပါတယ်

Comments
Post a Comment