အိတ်စ်အိုင်ဗီ

HIV (လူခန္ဓာကိုယ်မှခုခံအားကျဆင်းစေသည့် ဗိုင်းရပ်) ဟာ AIDS (ခုခံအားကျဆင်းမှုရောဂါ)ကိုဖြစ်စေတဲ့ ဗိုင်းရပ်တစ်မျိုးဖြစ်ပါတယ်။ HIV ပိုးဟာ လူကိုယ်ခန္ဓာမှ ကူးစက်ရောဂါတွေ ခုခံနိုင်စွမ်းကို ကောင်းမွန်စေတဲ့ ခန္ဓာကိုယ်ရဲ့ သွေးဖြူူဆဲလ်တွေကို တိုက်ခိုက်ပါတယ်။


ဒီရောဂါ ဘယ်လိုကူးစက်တတ်သလဲ။

ဒီရောဂါခံစားနေရတဲ့လူရဲ့သွေး၊ သုတ်မလွှတ်မီထွက်ရှိသည့်အရည် (သုတ်မလွှတ်မီထွက်ရှိသည့်အရည်)၊ သုတ်ပိုး၊ ယောနိမှအရည်တွေ နဲ့ နို့ရည်တွေလိုမျိုး ခန္ဓာကိုယ်ကအရည်တွေနဲ့ ထိတွေ့မိတာနဲ့ HIVပိုး ကူးစက်နိုင်ပါတယ်။

ဒီရောဂါလက္ခဏာတွေက ဘာတွေလဲ။

သင် (ဒါမှမဟုတ်) သင့်အဖော်မှာ HIV ပိုးရှိနေနိုင်ပြီး ရှိနေမှန်းမသိရှိတတ်ကြပါဘူး။ နေမကောင်းမဖြစ်ခင် (ဒါမှမဟုတ်) ဆိုးဆိုးရွားရွားလက္ခဏာမပြခင် လတွေ (ဒါမှမဟုတ်) နှစ်တွေကြာတတ်ပေမယ့် သင့်ဆီကနေ အခြားသူတွေဆီ HIVပိုး ကူးစက်သွားနိုင်ပါတယ်။ လူတချို့မှာ ဘာရောဂါလက္ခဏာမှ မပြတတ်ပေမယ့် HIVပိုးရဲ့လက္ခဏာတွေကတော့ ရုတ်တရတ်ကိုယ်အလေးချိန်လျော့ကျတာ၊ အဖျားရှိတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ညပိုင်းချွေးစီးထွက်တာ (ဒါမှမဟုတ်) အလွန်အမင်းပင်ပန်းတယ်လို့ခံစားရတာတွေဘဲ ဖြစ်ပါတယ်။ ဒီရောဂါရှိ၊ မရှိ သေချာသိရှိနိုင်ဖို့နည်းလမ်းကတော့ ဆေးစစ်တာပါဘဲ။

ဒီရောဂါရှိမရှိ ဘယ်လိုစစ်ဆေးရမလဲ။

HIV ပိုးရှိ၊မရှိစစ်ဆေးဖို့ များသောအားဖြင့် သွေးစစ်ကြည့်တတ်ကြပါတယ်။ HIV ပိုးဟာ ဆေးစစ်တဲ့အဖြေမှာ ချက်ချင်းမပေါ်တတ်ပါဘူး။ တစ်ယောက်ယောက်က သူ့မှာHIVပိုးရှိနေကြောင်း သိရှိပြီး (၃)လလောက်ကြာတဲ့အထိ သူ့မှာဒီပိုးရှိနေကြောင်းစစ်ဆေးဖို့ အချိန်ယူရတတ်ပါတယ်။

ဒီရောဂါကို ဘယ်လိုကုသနိုင်မလဲ။

HIVပိုးဟာ ကုသလို့မရပါဘူး။ HIVပိုးပွားများလာတာကို အချိန်အတော်ကြာ နှေးကွေးအောင် လုပ်ဆောင်ပေးနိုင်တဲ့ ဆေးတချို့တော့ရှိပေမယ့် အဲ့ဒီ့ဗိုင်းရပ်စ်ပိုးကတော့ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေမှာပါဘဲ။ ဒီရောဂါပိုးရှိနေတဲ့သူက သက်သာနေပြီလို့ခံစားနေရရင်တောင်မှ အဲ့ဒီ့သူဆီကနေ တခြားသူဆီကို ကူးစက်သွားနိုင်တုန်းပါဘဲ။ တကယ်လို့ သင့်မှာ HIVရောဂါပိုးရှိနေတယ်ဆိုရင် ဆရာဝန်က သင့်အတွက် အထူးဆေးဝါးတွေနဲ့ ကုသမှုအစီအစဉ် လုပ်ပေးပါလိမ့်မယ်။ သင့်မှာ HIVပိုးရှိနေတယ်ဆိုရင် သင့်အဖော်(များ)ကို ရှိနေကြောင်းပြောပြဖို့ အလွန်အရေးကြီးပါတယ်။

Comments

Popular posts from this blog

ပန်းသေပန်းညှိုးခြင်း

အမျိုးသမီးများ ပြီးမြောက်ခြင်း

လိင်မှုအရသာသိရှိခြင်း