လိင်အင်္ဂါကြွက်နို့များ
Human
Papillomavirus (HPV) ဗိုင်းရပ်မျိုးကွဲပေါင်း (၁၀၀)ကျော်ရှိပြီး
အနည်းငယ်ကဘဲ လိင်အင်္ဂါကြွက်နို့ဖြစ်ပွားစေတတ်တာ ဖြစ်ပါတယ်။
အခြားအမျိုးအစားတွေက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားစေတတ်ပါတယ်။ HPV ဟာ
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ STIs ရောဂါတစ်မျိုးဖြစ်ပါတယ်။
လူအများစုကတော့ သူ့တို့ဘာသာသူတို့ဘဲ ဒီဗိုင်းရပ်ကို တွန်းလှန်နေရပြီး HPV
ရောဂါခံစားနေရတဲ့သူတွေထဲက (၁)ရာခိုင်နှုန်းမှာဘဲ လိင်အင်္ဂါကြွက်နို့တွေ
ဖြစ်ပွားလာတတ်ပါတယ်။ HPV ခံစားနေရတဲ့ အမျိုးသမီးအနည်းစုဟာ ဒီHPV ရောဂါကို
မကုသဘဲထားရင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားလာနိုင်ပါတယ်။
ဒီရောဂါ ဘယ်လိုကူးစက်တတ်သလဲ။
ဒီရောဂါ ဘယ်လိုကူးစက်တတ်သလဲ။
HPV
ရောဂါခံစားနေရတဲ့သူမှာ မြင်နိုင်တဲ့ကြွက်နို့တွေ (ဒါမှမဟုတ်)
အခြားရောဂါလက္ခဏာတွေ မရှိရင်တောင်မှ ကူးစက်ခံနေရတဲ့အရေပြားတစ်ဝိုက်ကို
အရေပြားအချင်းချင်းထိတွေ့မိတာနဲ့ HPV ရောဂါကူးစက်နိုင်ပါတယ်။ ဒီရောဂါကို
ပါးစပ်၊ ယောနိလမ်းကြောင်း (ဒါမှမဟုတ်) စအိုဝအတိုင်း လိင်ဆက်ဆံရာကတစ်ဆင့်လဲ
ကူးစက်နိုင်ပါတယ်။
ဒီရောဂါလက်ခဏာေတွက ဘာတွေလဲ။
ဒီရောဂါလက်ခဏာေတွက ဘာတွေလဲ။
ဒီရောဂါမှာ
ရောဂါလက္ခဏာမရှိတာကြောင့် အဲ့ဒီ့ရောဂါခံစားနေရတဲ့သူတွေတောင်မှ
ရောဂါလက္ခဏာကို မသိကြပါဘူး။ လိင်အင်္ဂါကြွက်နို့ဖြစ်ပွားစေတဲ့ HPV
ရောဂါခံစားနေရတဲ့သူတွေတောင်မှ ဘာမှမမြင်မတွေ့ရတတ်ကြပါဘူး။ ယောနိ၊
ကျားအင်္ဂါ (ဒါမှမဟုတ်) စအိုတစ်ဝိုက် (ဒါမှမဟုတ်) အတွင်းထဲမှာ အဖုလေးတွေ
တွေ့ရှိရတတ်ပါတယ်။ ဒီအဖုလေးတွေဟာ အကွက်လိုက် (ဒါမှမဟုတ်)
အစုလိုက်ဖြစ်လာပြီး ယားယံလာတတ်ပါတယ်။
ဒီရောဂါရှိမရှိ ဘယ်လိုစစ်ဆးရမလဲ။
ဒီရောဂါရှိမရှိ ဘယ်လိုစစ်ဆးရမလဲ။
အမျိုးသမီးတွေမှာဆိုရင်
သားအိမ်ခေါင်းနေရာ၌မူမမှန်ဖြစ်ခြင်းတွေ (ကင်ဆာအကြိုအဆင့် (ဒါမှမဟုတ်)
ကင်ဆာ) ရှိ၊မရှိ ရှာဖွေဖို့အတွက် ဆေးပညာရှင်တွေက နူးညံ့တဲ့နမူနာလို့ခေါ်တဲ့
ရိုးရှင်းတဲ့စမ်းသပ်မှု ပြုလုပ်နိုင်ပါတယ်။ ကြွက်နို့တွေရှိနေတယ်လို့
ကိုယ့်ကိုယ်ကိုထင်နေတယ်ဆိုရင် ဆရာဝန်က ကြွက်နို့တွေကိုမြင်ရဖို့အတွက်
အလင်းရောင်စူးစူးကိုသုံးပြီး သင့်လိင်အင်္ဂါကို ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။
ဒီရောဂါကို ဘယ်လိုကုသနိုင်မလဲ။
ဒီရောဂါကို ဘယ်လိုကုသနိုင်မလဲ။
ဒီရောဂါဖြစ်ပွားတဲ့အကြိမ်တော်တော်များများမှာတော့
HPV ရောဂါက သူ့ဘာသာသူပျောက်ကင်းသွားတတ်သလို ကြွက်နို့တွေလည်း
သူ့ဘာသာသူပျောက်ကင်းသွားတတ်ပါတယ်။ အဲ့ဒီ့ကြွက်နို့တွေ ပျောက်မသွားဘူး
(ဒါမှမဟုတ်) အဲ့ဒါတွေကြောင့် သင်စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် ဆရာဝန်က
ကြွက်နို့တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အိမ်မှာဘဲသုံးနိုင်တဲ့
ကြွက်နို့တွေပျောက်ကင်းစေတဲ့ဆေးဝါးတွေလည်း ရှိပါတယ်။
ကြွက်နို့တွေပျောက်ကင်းသွားတယ် (ဒါမှမဟုတ်) ဖယ်ရှားလိုက်တယ်ဆိုရင်တောင်မှ
အရေပြားထဲမှာ ဗိုင်းရပ်တွေကျန်နေနိုင်ပြီး တခြားသူတွေဆီ
ရောဂါပျံ့သွားနိုင်ပါတယ်။ မကုသဘူး/ မစမ်းသပ်မစစ်ဆေးဘူးဆိုရင်
တချို့HPVရောဂါတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ အသက် (၁၅)နှစ်ကနေ
(၄၄)နှစ်အတွင်း အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်တဲ့
သားအိမ်ခေါင်းကင်ဆာဖြစ်သွားစေနိုင်ပါတယ်။ (၂၀၀၈)ခုနှစ်ကနေစတင်ပြီး
မြန်မာနိုင်ငံမှာရရှိနေတဲ့ HPV ကကွယ်ဆေးကို အသုံးပြုပြီး
ဒီHPVရောဂါကိုကာကွယ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
Comments
Post a Comment