အန္တရယ်ကင်းတဲ့နည်းလမ်းများ

လိင်မှတစ်ဆင့်ကူးစက်သော ရောဂါကူးစက်မှု (STIs) တွေဟာ တစ်ယောက်နဲ့ တစ်ယောက် လိင်ပိုင်းဆိုင်ရာ ထိတွေ့စဉ်အတွင်း လူတစ်ဦးမှ တစ်ဦးကို ကူးစက်တဲ့ရောဂါပိုးကို ခေါ်တာပါ။
တစ်ခါတစ်ရံ ကူးစက်ခံရသူတွေမှာ ရောဂါလက္ခဏာတွေ မဖြစ်ပေါ်တတ်တဲ့အတွက် လူအချို့က သူတို့မှာ ဒီပိုး ရှိလို့ ရှိမှန်း မသိကြပါဘူး။ လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများ နှင့် ရောဂါကူးစက်ပိုး အမျိုးအစား အများအပြား ရှိပြီး အရမ်းလည်းအဖြစ်များပါတယ်။ STI ရောဂါပိုးတစ်ခုချင်းအကြောင်းအသေးစိတ်ကို အောက်မှာ လေ့လာလို့ရပါတယ်။
မိမိကိုယ်ကိုယ်နဲ့ အခြားသူများကို STIs ရောဂါပိုးမကူးစက်အောင် ကာကွယ်လို့ရတာမို့ စိတ်ပူစရာမရှိပါဘူး။ လုံခြုံပြီး ဘေးကင်းစိတ်ချရတဲ့လိင်ဆက်ဆံခြင်းအလေ့အထတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် သင်နဲ့ သင့်အဖော်ကို လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး အန္တ
ရာယ်ဖြစ်နိုင်ခြေရှိတဲ့ လိင်ဆက်ဆံမှုတစ်စုံတစ်ရာပြုခဲ့ရင် STI ရှိ/မရှိ သွားရောက်စစ်ဆေးသင့်ပါသည်။

Comments

Popular posts from this blog

ပန်းသေပန်းညှိုးခြင်း

အမျိုးသမီးများ ပြီးမြောက်ခြင်း

လိင်မှုအရသာသိရှိခြင်း