လိင်အင်္ဂါရေယုန်
ရေယုန်ဆိုတာက
လိင်အင်္ဂါရေယုန်လို့ လူတွေခေါ်ကြတဲ့ မန်းရည်ရှိတဲ့အနာ (ဒါမှမဟုတ်)
ပွန်းပဲ့အနာတွေကို ဖြစ်စေတတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားတဲ့
ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။
ကူးစက်တဲ့ပုံစံ
ကူးစက်တဲ့ပုံစံ
ရေယုန်ရှိတဲ့သူမှာ
မြင်နိုင်တဲ့ပွန်းပဲ့အနာတွေ (ဒါမှမဟုတ်) အခြားရောဂါလက္ခဏာတွေ
မရှိရင်တောင်မှ ကူးစက်ခံနေရတဲ့အရေပြားတစ်ဝိုက်ကို
အရေပြားအချင်းချင်းထိတွေ့မိတာနဲ့ ရေယုန်ကူးစက်နိုင်ပါတယ်။
တစ်ခါရေယုန်ရှိသွားတာနဲ့ အဲ့ဒီ့ဗိုင်းရပ်စ်က သင့်ခန္ဓာကိုယ်မှာ
အမြဲတမ်းရှိနေပြီး ပါးစပ်၊ ယောနိလမ်းကြောင်း (ဒါမှမဟုတ်)
စအိုဝအတိုင်းလိင်ဆက်ဆံရာကနေ ကူးစက်တတ်ပါတယ်။ မန်းရည်အနာတွေကို
ဖြစ်ပွားစေတဲ့ နှုတ်ခမ်း၊ ခံတွင်း (ဒါမှမဟုတ်) သွားဖုံးတွေမှာ
ကူးစက်ဖြစ်ပွားတဲ့ ပါးစပ်ရေယုန်ဟာ ပါးစပ်နဲ့လိင်ဆက်ဆံနေစဉ်အတွင်းမှာ
ပါးစပ်ကနေ လိင်အင်္ဂါတစ်ဝိုက်အထိ ကူးစက်ပြန့်နှံ့သွားတတ်ပါတယ်။
ပါးစပ်ရေယုန်တွေက လိင်အင်္ဂါတွေမှာဘဲ ကူးစက်ဖြစ်ပွားတတ်ပြီး
လိင်အင်္ဂါရေယုန်တွေကို ဖြစ်ပွားစေပါတယ်။ လိင်အင်္ဂါရေယုန်တွေဟာ
လူတစ်ဦးရဲ့လိင်အင်္ဂါကနေ အခြားသူတစ်ဦးရဲ့ခံတွင်းဆီ ကူးစက်သွားတတ်ပြီး
ပါးစပ်ရေယုန်ဖြစ်ပွားစေတတ်ပါတယ်။
ရောဂါလက္ခဏာ
ရောဂါလက္ခဏာ
တချို့လူတွေမှာ
ဘာရောဂါလက္ခဏာမှ မရှိပါဘူး။ ဒါပေမယ့် ရေယုန်ရှိတဲ့သူတော်တော်များများကတော့
နှုတ်ခမ်းပေါ်မှာ (ဒါမှမဟုတ်) ခံတွင်းထဲမှာ (ဒါမှမဟုတ်) ယောနိ၊
ကျားအင်္ဂါ၊ ပေါင်တွေအပေါ် (ဒါမှမဟုတ်) ယောနိ၊ ကျားအင်္ဂါ၊
ပေါင်တွေအတွင်းမှာ (ဒါမှမဟုတ်) တင်ပါးတွေမှာ မန်းရည်အနာတွေ (ဒါမှမဟုတ်)
ပွန်းပဲ့အနာတွေ ရှိတတ်ကြပါတယ်။ ဒီမန်းရည်အနာတွေ (ဒါမှမဟုတ်)
ပွန်းပဲ့အနာတွေက လူတစ်ယောက်နဲ့တစ်ယောက်မတူညီကြဘဲ လူတချို့မှာတော့
သူတို့ရဲ့ဘဝတစ်လျှောက်လုံးတစ်ကြိမ်သာ ဖြစ်ပွားတတ်ပေမယ့် လူတချို့ကတော့
သူတို့ဘဝတစ်လျှောက်လုံး ခဏခဏဖြစ်ပွားတတ်ပါတယ်။
စမ်းသပ်စစ်ဆေးမှု
သင်ရေယုန်လို့ခံစားရတဲ့
ပွန်းပဲ့အနာတွေ (ဒါမှမဟုတ်) မန်းရည်အနာတွေဖြစ်လာတာနဲ့
သင့်ကျန်းမာရေးစောင့်ရှေုာက်ပေးသူဆီမှာ အဲ့ဒါတွေက်ု ပြကြည့်ပါ။ သူတို့က
ပေါက်ပြဲနေတဲ့ ပွန်းပဲ့အနာကနေ ဂွမ်းဖတ်လေးနဲ့ နမူနာယုူဖို့
ဆုံးဖြတ်ကောင်းဆုံးဖြတ်နိုင်ပါတယ်။ ရလဒ်တွေက အမြဲတမ်းမတိကျပေမယ့်လည်း
သင့်မှာ ဒီရောဂါလက္ခဏာတွေမရှိဘူးဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်ပေးသူက
ရေယုန်အတွက်စစ်ဆေးဖို့ သွေးနမူနာ ယူထားနိုင်ပါတယ်။
ကုသမှု
သင့်မှာရေယုန်တစ်ကြိမ်တစ်ခါရှိသွားပြီဆိုတာနဲ့
သင့်ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး သင့်ဆီမှာ ဗိုင်းရပ်စ်ရှိသွားပါပြီ။
ဒါပေမယ့် ပွန်းပဲ့အနာတွေကို မြန်မြန်ကုသပျောက်ကင်းစေတဲ့ ဆေးဝါးတွေရှိပါတယ်။
သင်နေ့တိုင်းဆေးမှန်မှန်သောက်တယ်ဆိုရင် သင့်အဖော်ကို ရေယုန်ကူးနိုင်ချေ
နည်းပါတယ်။ ဒီဆေးတွေက အနာတွေအဖြစ်နည်းစေပြီး သက်တောင့်သက်သာမရှိတာကိုလည်း
လျော့ကျစေပါတယ်။
တကယ်လို့ လူတစ်ယောက်မှာ အနာ (ပေါက်ပြဲနေတဲ့ ပွန်းပဲ့အနာ (ဒါမှမဟုတ်) မန်းရည်အနာ) ရှိနေတယ်ဆိုရင် လုံခြုံစိတ်ချရစေဖို့အကောင်းဆုံးနည်းလမ်းကတော့ လိင်မဆက်ဆံတာပါဘဲ။ ပေါက်ပြဲနေတဲ့ပွန်းပဲ့အနာ မမြင်မတွေ့ရခင်မှာတောင်မှ ရေယုန်တွေက ကူးစက်လွယ်တယ်ဆိုတာ သတိရပါ။ ဒါကြောင့် မကူးစက်အောင် ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ကွန်ဒုံးသုံးတာပါဘဲ။
တကယ်လို့ လူတစ်ယောက်မှာ အနာ (ပေါက်ပြဲနေတဲ့ ပွန်းပဲ့အနာ (ဒါမှမဟုတ်) မန်းရည်အနာ) ရှိနေတယ်ဆိုရင် လုံခြုံစိတ်ချရစေဖို့အကောင်းဆုံးနည်းလမ်းကတော့ လိင်မဆက်ဆံတာပါဘဲ။ ပေါက်ပြဲနေတဲ့ပွန်းပဲ့အနာ မမြင်မတွေ့ရခင်မှာတောင်မှ ရေယုန်တွေက ကူးစက်လွယ်တယ်ဆိုတာ သတိရပါ။ ဒါကြောင့် မကူးစက်အောင် ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ကွန်ဒုံးသုံးတာပါဘဲ။
Comments
Post a Comment