Trichomoniasis ရောဂါ

Trichomoniasis ရောဂါဟာ ကပ်ပါးပိုးကြောင့်ဖြစ်ပွားတတ်တဲ့ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ အမျိုးသမီးတွေမှာဆိုရင် ယောနိလမ်းကြောင်းမှာ ဖြစ်ပွားတတ်ပြီး အမျိုးသားတွေမှာဆိုရင် ဆီးလမ်းကြောင်းမှာ ဖြစ်ပွားတတ်ပါတယ်။ Trichomoniasis ရောဂါဟာ အမျိုးသမီးတွေရဲ့ယောနိလမ်းကြောင်းမှာအဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

ဒီရောဂါ ဘယ်လိုကူးစက်တတ်သလဲ

Trichomoniasis ရောဂါဟာ ယောနိလမ်းကြောင်း (ဒါမှမဟုတ်) စအိုအတိုင်း အကာအကွယ်မဲ့လိင်ဆက်ဆံနေစဉ်အတွင်း ခန္ဓာကိုယ်ကထွက်ရှိတဲ့အရည်တွေကနေတစ်ဆင့် ကူးစက်ပြန့့်နှံ့တတ်ပါတယ်။

ဒီရောဂါလက္ခဏာတွေက  ဘာတွေလဲ။

လူတော်တော်များများ အထူးသဖြင့် အမျိုးသားတွေက သူတို့မှာ ဒီရောဂါ ကူးစက်ဖြစ်ပွားနေတယ်ဆိုတာကို သတိမပြုမိတတ်ကြပါဘူး၊ အမျိုးသမီးတွေမှာ ဖြစ်ပွားတတ်တဲ့ ရောဂါလက္ခဏာတွေကတော့
  • အမြုပ်ထပြီး အနံ့အသက်မကောင်းသော အရည်များထွက်ရှိခြင်း၊
  • အဝါရောင် (သို့မဟုတ်) အစိမ်းရောင်အရည်များ ထွက်ရှိခြင်း၊
  • ယောနိအတွင်းနှင့် ယောနိတစ်ဝိုက်တွင် ယားယံခြင်း၊
  • ပေါင်ခြံတွင် ယောင်ယမ်းခြင်း၊
  • မကြာခဏဆီးသွားလိုခြင်း – ဆီးသွားစဉ်မကြာခဏ နာကျင်ခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်း၊
  • ဖြစ်တောင့်ဖြစ်ခဲဖြစ်ပေမယ့် အမျိုးသားတွေမှာလည်း ရောဂါလက္ခဏာတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီ့ရောဂါလက္ခဏာတွေကတော့
  • ဆီးလမ်းကြောင်းမှ အရည်များထွက်ခြင်း၊
  • မကြာခဏဆီးသွားလိုခြင်း – ဆီးသွားစဉ်မကြာခဏ နာကျင်ခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်း၊

ဒီရောဂါရှိမရှိ ဘယ်လိုစစ်ဆေးရမလဲ။

တကယ်လို့ သင်ကအမျိုးသမီးဆိုရင် သင့်ကျန်မာရေးစောင့်ရှောက်ပေးသူက သင့်ယောနိလမ်းကြောင်းကထွက်ရှိလာတဲ့စွန့်ထုတ်တဲ့အရည်ကို နမူနာယူဖို့ နာကျင်မှုမရှိတဲ့ တင်ပါးဆုံးရိုးစစ်ဆေးမှု ပြုလုပ်ပါလိမ့်မယ်။

ဒီရောဂါကိုဘယ်လိုကုသနိုင်မလဲ။

သင်ကအမျိုးသားတစ်ဦးဆိုရင်တော့ သင့်ကျန်းမာရေးစောင့်ရှောက်ပေးသူက စွန့်ထုတ်တဲ့အရည်နမူနာရဖို့အတွက် အစပိုင်းပျော့ပျော့လေးနဲ့ သင့်ဆီးလမ်းကြောင်းကနေ နမူနာယူပါလိမ့်မယ်။ ဆေးပညာရှင်က သင့်ကို ပဋိဇီဝဆေးတွေ ညွှန်ကြားပါလိမ့်မယ်။ သင့်အဖော်ထံ ဒီရောဂါမကူးစက်အောင်လို့ ပဋိဇီဝဆေးအကုန်သောက်ပြီးတဲ့အထိ၊ သင့်အဖော်ပါ စစ်ဆေးကြည့်ပြီး လိုအပ်ပါက ဆေးကုသမှုတွေခံယူပြီးတဲ့အချိန်အထိ လိင်မဆက်ဆံသင့်ပါဘူး။

Comments

Popular posts from this blog

ပန်းသေပန်းညှိုးခြင်း

အမျိုးသမီးများ ပြီးမြောက်ခြင်း

လိင်မှုအရသာသိရှိခြင်း