ဆီးလမ်းကြောင်းပိုးဝင်ခြင်း - UTIs

ဆီးလမ်းကြောင်းပိုးဝင်းခြင်း (UTIs) ဟာ ကျောက်ကပ်များ၊ ဆီးလမ်းကြောင်း၊ ဆီးအိမ် (ဒါမှမဟုတ်) ဆီးပြွန်တွေမှာဖြစ်ပွားတဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ UTIs ဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များပေမယ့် ဘယ်သူမဆိုဖြစ်ပွားနိုင်ချေရှိပါတယ်။ အဲ့ဒါတွေဟာ ခန္ဓာကိုယ်ကနေမထွက်ကျမီ ဆီးတွေဖြတ်သန်းသွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပတ်သက်နေပါတယ်။ အနုဇီဝမျိုးစိတ်တွေ (ဒါမှမဟုတ်) မျိုးဗီဇတွေ အများအားဖြင့် ဘတ်တီးရီယားတွေကြောင့် UTIs ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ UTI အမျိုးအစားတွေကတော့ -
ဆီးပြွန်ယောင်ယမ်းခြင်း - ဆီးပြွန် - ဆီးအိမ်မှဆီးတွေကို ခန္ဓာကိုယ်အပြင်ဘက်ဆီ သယ်ဆောင်ပေးတဲ့ပြွန်၌ ကူးစက်ဖြစ်ပွားခြင်း။ UTI (သို့) STI ကြောင့် ဆီးပြွန်ယောင်ယမ်းခြင်းဖြစ်ပွားနိုင်ပါတယ်။
Cystitis – ဆီးအိမ်တွင်ကူးစက်ဖြစ်ပွားခြင်း (UTI ၏ဖြစ်ပွားမှုအများဆုံးအမျိုးအစား)
Pyelonephritis – ကျောက်ကပ်တွင်ကူးစက်ဖြစ်ပွားခြင်း (ပို၍ပြင်းထန်သည်။)
ရောဂါလက္ခဏာများ
ကျောက်ကပ်တွင်ကူးစက်ဖြစ်ပွားခြင်း
လူတစ်ဦးမှာ ကျောက်ကပ်ကူးစက်ရောဂါရှိနေပြီဆိုရင် သူတို့ဟာ အပေါ်ဘက်နောက်ကျောနဲ့ဘေးဘက်နာကျင်မှု၊ အဖျားကြီးခြင်း၊ တုန်ရီခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ မောပန်းလွယ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေ ခံစားရတတ်ပါတယ်။
ဆီးအိမ်တွင်ကူးစက်ဖြစ်ပွားခြင်း
လူတစ်ဦးမှာ ဆီးအိမ်ကူးစက်ရောဂါရှိနေပြီဆိုရင် သူတို့ဟာအဖျား၊ သွေးဖိအားနိမ့်ခြင်း၊ ဝမ်းဗိုက်ပိုင်းနဲ့ အနိမ့်ပိုင်းနောက်ကျောအောင့်ခြင်းတွေ ခံစားရတတ်ပါတယ်။
ဖြစ်ပွားရခြင်းအကြောင်းအရင်းများ
ဆီးတွေဟာ ပုံမှန်အားဖြင့် ပိုးသတ်ပြီးသားဖြစ်ပါတယ်။ ဆိုလိုတာက ဘတ်တီးရီးယား၊ မှို (ဒါမှမဟုတ်) ဗိုင်းရပ်တွေ မပါဝင်ဘူးဆိုတာပါဘဲ။ ဆီးစနစ်ကိုကူးစက်ဖို့အတွက် ဘတ်တီးရီယားဟာ ဆီးပြွန် ကနေတဆင့် သွေးကြောကိုဖြတ်ပြီး ဝင်ရောက်လာတတ်ပါတယ်။ အဖြစ်အများဆုံးတရားခံကတော့ အစာခြေလမ်းကြောင်းကိုအဝင်ရောက်ဆုံးဖြစ်တဲ့ E.coli လို့ခေါ်တဲ့ ဘတ်တီးရီယားဖြစ်ပါတယ်။ အဲ့ဒါက အများအားဖြင့် စအိုကနေ ဆီးပြွန်အထိ ပျံ့နှံ့သွားတတ်ပါတယ်။
Mycoplasma နဲ့ chlamydia လိုမျိုး အခြားအရမ်းသေးငယ်တဲ့သက်ရှိတွေက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ဆီးလမ်းကြောင်း၌ကူးစက်ဖြစ်ပွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီ့အရမ်းသေးငယ်တဲ့သက်ရှိတွေဟာ လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်တာကြောင့် ကူးစက်ခြင်းတွေကို စမ်းသပ်သိရှိတာနဲ့ ပြန်လည်ကူးစက်ခြင်းမဖြစ်စေဖို့အတွက် နှစ်ယောက်လုံး ဆေးဝါးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါကိစ္စရပ်တွေက UTI အဆင့်မြင့်လာခြင်းဖြစ်နိုင်ချေကို မြင့်မားစေနိုင်ပါတယ်။
• လိင်ဆက်ဆံခြင်း (အထူးသဖြင့် လူအများအပြားနဲ့ (ဒါမှမဟုတ်) အဖော်အသစ်တွေနဲ့ မကြာခဏ၊ ပြင်းထန်စွာဆက်ဆံပါက)
• ဆီးချိုရောဂါ
• တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း
• ဆီးအိတ်လုံးဝကုန်စင်သွားရန်ခက်ခဲခြင်း
• ဆီးထုတ်ယူသည့်ပြွန်အသုံးပြုရခြင်း
• အူမကြီးအား မထိန်းချုပ်နိုင်ခြင်း
• ဆီးစီးဆင်းမှုပိတ်ဆို့ခြင်း
• ကျောက်ကပ်တွင်တည်သည့်ကျောက်များ
• ဆီးလမ်းကြောင်းတွင်ပါဝင်သော လုပ်ငန်းစဉ်များ
• ရောဂါပြီးစနစ်ကျဆင်းခြင်း
• ပဋိဇီဝဆေးဝါးများ အများအပြားအသုံးပြုခြင်း (အထူးသဖြင့် အူမကြီးနှင့် ဆီးလမ်းကြောင်းဆိုင်ရာသဘာဝပန်းပင်အား အနှောင့်အယှက်ဖြစ်စေနိုင်သော)
လက္ခဏာရပ်များ
UTI ရဲ့အဖြစ်များတဲ့ လက္ခဏာရပ်တွေကတော့ -
• ပုံမှန်ထက်ပို၍ဆီးသွားခြင်း (သေးပေါက်ခြင်း)
• ဆီးသွားရန် အလွန်အားထုတ်ရပြီး ဘာမှ မသွားခြင်း
• ဆီးသွားစဉ်အတွင်း နာကျင်ခြင်း (သို့) ပူစပ်ပူလောင်ဖြစ်ခြင်း
• ဆိုးရွားသည့်အနံအသက်ရှိသောဆီးသွားခြင်း
• အဖျားရှိခြင်း (သို့) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
• မအီမသာဖြစ်ခြင်းနှင့် အော့အန်ခြင်း
• ဝမ်းဗိုက်အောက်ပိုင်းတွင် နာကျင်ခြင်း (ဝမ်းခေါင်း)
*ဆီးသွားစဉ်အတွင်း နာကျင်ခြင်း (သို့) ပူစပ်ပူလောင်ဖြစ်ခြင်းဟာ chlamydia ဘတ်တီးရီယားကြောင့်ဖြစ်ပွားသောရောဂါ၊ ကာလသားရောဂါ၊ လိင်အင်္ဂါရေယုန်နဲ့ trichomonads ကပ်ပါးပိုးကြောင့်ဖြစ်ပွားသောကူးစက်ရောဂါလိုမျိုး STI ၏လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ တကယ်လို့ သင် ဒီလက္ခဏာရပ်ကိုခံစားနေရတယ်ဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်သူကို ချက်ချင်းခေါ်ဆိုပြီး စမ်းသပ်စစ်ဆေးပါ။
ကုသမှု
သင့်မှာ UTI ရှိနေပြီလို့ထင်ရင် သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့သွားတွေ့ဖို့ အရေးကြီးပါတယ်။ ဒါမှသာ သူတို့က ခွဲခြမ်းစိပ်ဖြာပြီး သင့်ကို ကုသပေးနိုင်မှာပါ။ သင့်မှာ UTI ရှိနေတယ်ဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်သူက ကူးစက်ခြင်းဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားတွေသေစေဖို့အတွက် ပဋိဇီဝဆေးဝါးညွှန်ကြားပါလိမ့်မယ်။ အဲ့ဒီ့ပဋိဇီဝဆေးဝါးတွေကို (၃) ရက်ကနေ (၇) ရက်အထိ (ပိုကြာကောင်းကြာနိုင်ပါတယ်) သောက်သုံးရနိုင်ပြီး သောက်သုံးရတဲ့ကာလက ကူးစက်ခြင်းရဲ့ပြင်းထန်ဆိုးရွားတဲ့အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ သင်စပြီးသက်သာလာပြီဆိုရင်တောင်မှ သင့်ကျန်းမာရေးစောင့်ရှောက်သူညွှန်ကြားတဲ့ ဆေးကုန်အောင်သောက်ဖို့တော့ အရမ်းအရေးကြီးပါတယ်။ ပဋိဇီဝဆေးဝါးတွေကိုကုန်အောင်မသောက်သုံးပါက ကူးစက်ခြင်းပြန်လည်ဖြစ်ပွားနိုင်ပါတယ်။
သင့်ကျန်းမာရေးစောင့်ရှောက်သူက UTI ခံစားနေရစဉ်အချိန်မှာ ရေများများသောက်ဖို့နဲ့ မကြာခဏဆီးသွားပြီး ဆီးအိမ်ကိုရှင်းလင်းဖို့ပါ အကြံပေးပါလိမ့်မယ်။ သင့်ဆီးအိမ် သူ့ဘာသာသူရှင်းလင်းနေစေဖို့နဲ့ မကြာခဏဆီးသွားဖို့ အရေးကြီးပါတယ်။
တကယ်လို့ ဆီးအိမ်အောင့်ခြင်း (ဝမ်းဗိုက်အောက်ပိုင်းမှာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်တဲ့ ဗိုက်အောင့်နာကျင်မှု) ခံစားရတယ်ဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်သူက နာကျင်မှုသက်သာစေမယ့်ဆေးဝါးတွေ ညွှန်ကြားပါလိမ့်မယ်။ ဆီးအိမ်အောင့်ခြင်းကိုသက်သာစေနိုင်တဲ့ တချို့ဆေးဝါးတွေကြောင့် ဆီးတွေဟာ လိမ္မော်ရောင်ပြောင်းသွားနိုင်ပါတယ်။ ဒါဟာ လုံးဝကိုပုံမှန်ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးဖြစ်ပြီး ဆေးသောက်နေတဲ့အချိန်အတွင်းဘဲ ဒီလိုဖြစ်မှာဖြစ်ပါတယ်

Comments

Popular posts from this blog

ပန်းသေပန်းညှိုးခြင်း

အမျိုးသမီးများ ပြီးမြောက်ခြင်း

လိင်မှုအရသာသိရှိခြင်း